မန္တလေးမြို့တွင် ဆိုင်ကယ်ပလပ်ကြွေသီးဖြင့် ကားမှန်များကို ဖောက်ခွဲကာ ပစ္စည်းများခိုးယူမှုဖြစ်ပွားခဲ့သောကြောင့် ကားပိုင်ရှင်များအနေဖြင့် ဂရုပြုရန်လို.. - MM-IT

MM-IT

မင်္ဂလာပါ

နောက်ဆုံးတင်ထားသမျှ

Home Top Ad

PopAds.net - The Best Popunder Adnetwork

Post Top Ad

Aads

မေတ္တာရပ်ခံပါသည်

MM-IT နည်းပညာ မှ လှိုက်လှဲစွာကြိုဆိုပါသည်ခင်ဗျာ Popadဆိုတဲ့လင့်တက်လာပါက Backတစ်ချက်နှိပ်ပေးပါ 1clickmm ပေါ်လာပါက ၅ စက္ကန့်စောင့်ပြီးGet Linkဆိုတာလေးနှိပ်ပေးခြင်းဖြင့်ကြည့်ရှု့နိုင်ပါတယ် link ကိုမရောက်ပါကback key တစ်ချက်နှိပ်ပေးလိုက်ခြင်းဖြင့်မူရင်းlinkသို့ရောက်ရှိသွားပါမည် ကျေဇူးအထူးပင်တင်ရှိပါတယ်...............

မန္တလေးမြို့တွင် ဆိုင်ကယ်ပလပ်ကြွေသီးဖြင့် ကားမှန်များကို ဖောက်ခွဲကာ ပစ္စည်းများခိုးယူမှုဖြစ်ပွားခဲ့သောကြောင့် ကားပိုင်ရှင်များအနေဖြင့် ဂရုပြုရန်လို..

မန္တလေးမြို့တွင် ဆိုင်ကယ်ပလပ်ကြွေသီးဖြင့် ကားမှန်များကို ဖောက်ခွဲကာ ပစ္စည်းများခိုးယူမှုဖြစ်ပွားခဲ့သောကြောင့် ကားပိုင်ရှင်များအနေဖြင့် ဂရုပြုရန်လို..

မန္တလေး ဇန်နဝါရီ ၂၂
မန္တလေးမြို့တွင် ဆိုင်ကယ်ပလပ်ကြွေသီးဖြင့် ကားမှန်များကို ဖောက်ခွဲကာ ပစ္စည်းများခိုးယူမှုဖြစ်ပွားခဲ့သောကြောင့် ကားပိုင်ရှင်များအနေဖြင့် ဂရုပြုရန်လိုအပ်ကြောင်း မန္တလေးတိုင်းဒေသကြီး၊ယာဉ်ထိန်းတပ်ဖွဲ့တာဝန်ရှိသူတဦးက ပြောကြားသည်။
ဆိုင်ကယ်ပလပ်ထိပ်မှ ကြွေသီးကို ဖဲ့ချွေကာ ကားမှန်ကို ပစ်ပေါက်လိုက်လျှင် မှန်အမျိုးအစားပေါ် မူတည်၍ ကားမှန်ကြေသွားခြင်းမှအစ ဒုတ်ချင်းပေါက်သည်အထိ ဖြစ်ပွားနိုင်ကြောင်း၊လုယက်သူများမှ ကားမှန်ဘေးအား ပလပ်ကြွေသီးမှ ဖဲ့ချွေထားသော ကြွေစများဖြင့် ကားမှန်အား ဘေးတိုက် အားပြင်းပြင်းပွတ်ဆွဲလိုက်လျှင် ကားမှန်မှာ အက်ကြေသွားပြီးနောက် မာကျောသောတုတ်၊တူစသည်တို့ဖြင့် မှန်ခွဲကာ ကားအတွင်းမှ တန်ဖိုးကြီးပစ္စည်းများအား ခိုးယူနိုင်သောကြောင့် ကားပိုင်ရှင်များအနေဖြင့် ကားအတွင်းတွင် ဖုန်း၊ပိုက်ဆံအိတ်စသည့် အသုံးအဆောင်များကို မထားသင့်ကြောင်း အဆိုပါ တာဝန်ရှိသူက အကြံပြုပြောဆိုသည်။
"ဒီကြွေစကို သုံးပြီး ကားမှန်ကိုခွဲတာ အသစ်အဆန်းတော့ မဟုတ်ဘူးဗျ။You Tubeမှာ လက်တွေ့ခွဲပြတဲ့ ဗွီဒီယိုဖိုင်တွေ အများကြိးရှိပါတယ်၊ကိုယ့်ကားကို Lockချ(သော့ခတ်)ထားတယ်ဆိုပြီး ကားပိုင်ရှင်တချို့က ကားထဲမှာ ဖုန်းတွေ၊ပိုက်ဆံအိတ်တွေထားခဲ့တာရှိတဲ့အတွက် ကားကို ဘယ်လိုပဲ သော့ခတ်ခတ် ..စိတ်မချရဘူးဆိုတာ ပြောချင်ပါတယ်"ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့်အပတ်(ဇန်နဝါရီ၁၈)မနက်ခင်းက မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ၃၂လမ်း ၆၀လမ်းပေါ်တွင် ရပ်နားထားသော Paffimeအမျိုးအစားခဲရောင်ယာဉ်အနီးတွင် မသင်္ကာဖွယ်အမျိုးသားတဦးကို တွေ့ရှိသဖြင့် အမှတ်၃ မြို့မစခန်းမှုး ရဲအုပ်ကျော်သူဦးစီးသည့် လှည့်ကင်းအဖွဲ့က ခေါ်ယူစစ်ဆေးခဲ့ရာ၎င်း၏ အိတ်အတွင်း ဆိုင်ကယ်ပလပ်ခေါင်းများကို ထုချေထားသည့် ကြွေမှုန့်များထည့်သွင်းထားသည့် အိတ်တအိတ်ကိုတွေ့ရှိရသဖြင့် စခန်းသို့ခေါ်ယူစစ်ဆေးခဲ့ရာ ဇန်နဝါရီ ၁၆ရက် ညကိုးနာရီက့ ပြည်ကြီးမျက်ရှင်ရပ်၊လမ်း ၆၀ ၃၂လမ်းထောင့်တွင် ရပ်နားထားသည့် ကားကို ကြွေသီးမှုန့်ဖြင့် ပစ်ပေါက်ခွဲ၍ အမျိုးသားလက်ကိုင်အိတ်တလုံးကို ခိုးယူခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ရဲမှတ်တမ်းအရ သိရသည်။
ကားမှန်ကို ကြွေသီးမှုန့်ဖြင့် ပေါက်ခွဲကာ ပိုက်ဆံအိတ်ခိုးယူခဲ့သည့် ဝေဖြိုး(ခ)ဂူးဂူးအား အမှတ်(၃)နယ်မြေရဲစခန်းတွင် (ပ)၂၄၊၂၀၁၈၊ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄ဖြင့် အမှုဖွင့်စစ်ဆေးအရေးယူလျက်ရှိကြောင်းသိရသည်။
Eleven
Thi Ha ၏ ဓာတ်ပုံ

No comments:

Post a Comment

မန်ဘာဝင်လို့အားပေးကြပါ

Related Posts Plugin for WordPress, Blogger...

ဒီနေရာမှာလည်းဖတ်ရှု့နိုင်ပါတယ်

Post Bottom Ad

PopAds.net - The Best Popunder Adnetwork