စာသင်ခန်းအတွင်း ဝင်ရောက်ရိုက်နှက်သည့် ခင်ပွန်းဖြစ်သူအား ဇနီးဖြစ် သူ ဆရာမက အမှုဖွင့် - MM-IT

MM-IT

မင်္ဂလာပါ

နောက်ဆုံးတင်ထားသမျှ

Home Top Ad

PopAds.net - The Best Popunder Adnetwork

Post Top Ad

Aads

မေတ္တာရပ်ခံပါသည်

MM-IT နည်းပညာ မှ လှိုက်လှဲစွာကြိုဆိုပါသည်ခင်ဗျာ Popadဆိုတဲ့လင့်တက်လာပါက Backတစ်ချက်နှိပ်ပေးပါ 1clickmm ပေါ်လာပါက ၅ စက္ကန့်စောင့်ပြီးGet Linkဆိုတာလေးနှိပ်ပေးခြင်းဖြင့်ကြည့်ရှု့နိုင်ပါတယ် link ကိုမရောက်ပါကback key တစ်ချက်နှိပ်ပေးလိုက်ခြင်းဖြင့်မူရင်းlinkသို့ရောက်ရှိသွားပါမည် ကျေဇူးအထူးပင်တင်ရှိပါတယ်...............

စာသင်ခန်းအတွင်း ဝင်ရောက်ရိုက်နှက်သည့် ခင်ပွန်းဖြစ်သူအား ဇနီးဖြစ် သူ ဆရာမက အမှုဖွင့်

စာသင်ခန်းအတွင်း ဝင်ရောက်ရိုက်နှက်သည့် ခင်ပွန်းဖြစ်သူအား ဇနီးဖြစ် သူ ဆရာမက အမှုဖွင့်


တာချီလိတ် - ဇန်နဝါရီ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ ဆန်ဆိုင်းအခြေခံ ပညာအ ထက် တန်းကျောင်း၌ မူလတန်းပြဆရာမ တစ်ဦးအား စာသင်ခန်းအတွင်း ဝင်ရောက်ရိုက်နှက်ခဲ့ သည့် ခင်ပွန်းဖြစ်သူအား ဇနီးဖြစ်သူ ဆရာမက ဇန်န ဝါရီ ၁၈ ရက်နေ့က အမှုဖွင့် အရေးယူခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၈ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်က မူလတန်းပြ ဆရာမသည် တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ အခြေခံပညာအ ထက်တန်းကျောင်း အတွင်းရှိ စာသင်ဆောင်တွင် စာသင်နေစဉ် ခင်ပွန်းဖြစ်သူ မောင်ဇော် (၃၂ နှစ်)သည် စာသင်ခန်းအတွင်းသို့ ဝင်ရောက်လာပြီး လူမှုရေးဖောက်ပြန်နေသည်ဟု စွပ်စွဲပြောဆို၊ ဆဲဆိုပြီး ပါးအား (၄/၅)ချက်ခန့်  ရိုက်ခဲ့ကြောင်း၊ စာသင်စားပွဲပေါ်တွင် တင်ထားသော ပုလင်းဖြင့် ရိုက်ခဲ့ ရာ ဦးခေါင်း ဝဲဘက်ဂျိုဇောင်းနှင့် ငယ်ထိပ်တို့ ဖူးယောင်ဒဏ်ရာများရရှိ ခဲ့ သဖြင့် စာသင်ဆောင်အတွင်း ဝင်ရောက်ကာ ဆဲဆို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့် ခင်ပွန်းဖြစ်သူအား တရားလိုပြုလုပ် တန်တိုင်းမှုဖြစ်သည်။

အမှုမှ ဇနီးဖြစ်သူ မူလတန်းပြဆရာမအား ရိုက်နှိပ်ခဲ့သူ မောင်ဇော် (၃၂ နှစ်)ဆန်ဆိုင်း(က)ရပ်ကွက်၊ တာချီလိတ်မြို့နေသူအား တာချီလိတ်မြို့မ ရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မြင့်မိုရ် တာချီလိတ်
https://www.facebook.com/mjin.mou.1

No comments:

Post a Comment

မန်ဘာဝင်လို့အားပေးကြပါ

Related Posts Plugin for WordPress, Blogger...

ဒီနေရာမှာလည်းဖတ်ရှု့နိုင်ပါတယ်

Post Bottom Ad

PopAds.net - The Best Popunder Adnetwork