ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာ ဒုက္ခသည် စခန်းလူကြီး အသတ်ခံရ
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေ မြန်မာနိုင်ငံကို ပြန်ပို့ရေး အစီအစဉ်နဲ့ပတ်သက်ပြီး ဒုက္ခသည် တွေကြား အခြေအနေတင်းမာလာနေချိန်အတွင်း၊ ဒုက္ခသည်စခန်းတခုက စခန်းလူကြီးတဦး ထပ်မံ အသတ်ခံ ခဲ့ရပြန်ပါတယ်။
မြန်မာနယ်စပ်အနီး ဘလူခါလီ ဒုက္ခသည်စခန်းက ယူစွပ်အလီ အမည်ရှိ အသက် ၆၀ အရွယ် စခန်းလူကြီး ဖြစ်သူ ဟာ ဒါးဒဏ်ရာနဲ့သေဆုံးသွားခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် ခရိုင် ရဲအရာရှိတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့ကလည်း မိုဟာမက် ယူစွတ် အမည်ရှိ စခန်းလူကြီးတဦး အသတ်ခံခဲ့ရပါတယ်။
သူဟာ ဒုက္ခသည်တွေ မြန်မာနိုင်ငံ ပြန်ရေးအစီအစဉ်ကို ဦးဆောင် ထောက်ခံသူုဖြစ်တယ်လို့သတင်းမှာ ဖေါ်ပြပါတယ်။
သူ့ ဇနီးဖြစ်သူရဲ့ပြောပြချက်အရသောကြာနေ့က မျက်နှာဖုံးစွပ်တွေနဲ့ လူ ၂၀ လောက် သူတို့ တဲ အတွင်း ၀င်ရောက်လာပြီး၊ မိုဟာမက် ယူစွတ် ကို ဘာဖြစ်လို့ငါတို့နာမည်တွေ စာရင်းထဲ ထည့်ခဲ့တာလဲလို့ မေးပြီး သေနတ် နဲ့ပစ်သတ်သွားခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီ စာရင်းဆိုတာ ဘာစာရင်းမှန်းမသိဘူးလို့ ဇနီးဖြစ်သူက ပြောပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/

No comments:
Post a Comment